Daily Bread
ထိုကြောင့်၊ဤမျှလောက် များစွာသောသက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊နှောင့်ရှက်တတ်သောဒုစရိုက်ကို၎င်းပယ်ရှား၍၊ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊အားမလျော့ဘဲပြေးကြကုန်အံ့။ယုံကြည်ခြင်းကိုအစအဦးစီရင်၍စုံလင်စေတော်မူသောသခင်ယေရှုကိုစေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည်မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်ရှက်ကြောက်သောအရာကိုမမှတ်ဘဲလက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ထိုင်နေတော်မူ၏။ဟေဗြဲ 12:1-2
ဒီနှုတ်ကပတ်တော်နဲ့ ဒီကနေ့ကျွန်တော်တို့ ဆင်ခြင်သွားကြရအောင်၊ သခင်ယေရှုရဲ့ ကြီးမြတ်သောနာမက ရဲတိုက်ဖြစ်တယ်။ပြေးဝင်သောသူတို့အတွက် ထိုနာမတော်မြတ်၌ ခိုလှုံသောသူတို့အတွက် လုံခြုံတယ်။ ထိုနာမတော်၌ ဆုတောင်းသော်ငြားလည်းပဲ သင့်ဆုတောင်းချက်ကို သင်မရလာခဲ့ရင် သင်ကြီးသောအမှုကို တွေ့ရတော့မှာဖြစ်တယ်။
ယေရှုခရစ်တော်နာမ၌ လွတ်မြောက်ပြီ၊အကြွေးကြေပြီ၊ကျန်းမာပြီ လို့သင်က ကြေငြာပြီး ဝန်ခံပြီး ကြွေးကြော်နေပြီး ဆိုပေမယ့် သင်က ထိုသခင်ယေရှုခရစ်တော်နဲ့ မိဿဟာယရှိသူဖြစ်ပြီလား? သခင်ယေရှုနဲ့ မိဿဟာယဖြစ်သူက ထိုသခင်ရဲ့နာမကို ဝန်ခံတာနဲ့ Something good is going to happened. တစ်ခုခုကတော့ဖြစ်ကိုဖြစ်လာတယ်။ကောင်းသောအရာမင်္ဂလာတွေက သင့်အသက်တာမှာ ရောက်လာတယ်။
သင်ဆုတောင်းရဲ့သားနဲ့ သင်ဝန်ခံကြွေးကြော်ရဲ့သားနဲ့ သင့်အသက်တာမှာ မဖြစ်လာခဲ့ဘူးဆိုရင် ဒီကနေ့ ကျွန်တော် ပြောချင်တဲ့အရာက သင်တစ်ခါမှ အိမ်မက်မမက်ဘူးတဲ့ အသက်တာထဲကို သင့်ကိုဆွဲခေါ်တော့မယ်ဆိုရင် အဲ့ဒီအတိုင်းပဲ။ A New Level. သင်အဲ့ဒီ Level တစ်ခုကိုရောက်ဖို့ရန်အတွက် သင်ကျော်ဖြတ်ရမယ့် အရာရှိတယ်။
ကျွန်တော့်အသက်တာနဲ့ ပြောရမယ််ဆိုရင် ကျွန်တော့်ဘဝမှာ ကျွန်တော်ဆုတောင်းတာ မဖြစ်ခဲ့တာ ဘာမှမရှိခဲ့ဘူး။ အကုန်ဖြစ်လာခဲ့တာဖြစ်တယ်၊ တစ်ခါမှာတော့မရတော့ဘူး၊ Covid ဖြစ်ပြီး ကျွန်တော်ဆေးရုံရောက်ခဲ့တယ်။ ကျွန်တော်ဆေးရုံကဆင်းပြီး ဟော်တယ်မှာ ကွာရတင်းဝင်တဲ့အချိန်မှာ ရေရေလည်လည် ကျွန်တော်ဆုတောင်းတယ်။ ကျွန်တေ့ာ်ကို ထောင်ထဲချဖို့ရန်အတွက် သူများတွေစီစဥ်နေပြီဆိုတာ ဝိညာဥ်ထဲက ကျွန်တော်သိနေခဲ့တယ်။ သူများတွေဘယ်လိုပြောပြော ရှေ့နေတွေ ဘယ်လိုပြောပြော မကြာဘူးဆိုတာလဲ ကျွန်တော်သိတယ်။
ရေရေလည်လည်ဆုတောင်းတယ်၊ မရဘူး၊ ဘာမှမလာတော့ဘူး၊ သင်က ထိုနာမတော်ကို စွဲကိုင်ပြီး ရေရေလည်လည် ဆုတောင်းရဲ့သားနဲ့ မရဘူး သင်ဘာမှမကြားရတော့ဘူးဆိုရင် မှတ်ထားပါ၊Another Level ကိုပို့ဖို့ရန်အတွက် ဘုရားကစပြီးတော့ အလုပ်လုပ်နေတာဖြစ်တယ်။
Anew Level, Another Level ပို့တော့မယ်ဆိုရင် သင်ဘယ်လောက် ဆုတောင်းတောင်း မရတော့ဘူး၊ ကလေးမွေးတော့မယ်ဆိုရင် ဗိုက်နာသလိုပဲ အိုး ဗိုက်နာတယ် ...ဆိုတဲ့ နာကျင်မှုတော့ သင်ကျော်ဖြတ်ရတယ်။ ပြီးတော့မှ ကလေးကို သင်မြင်ရသလိုပဲ။
ယောသပ်ရဲ့အသက်တာကို ဆင်ခြင်ကြည့်ရင် သူ့အစ်ကိုတွေက သူ့ကိုတွင်းထဲ ထည့်ခံထိပြီးတာတောင်မှ ယောသပ်က ကိုယ်တော် ကယ်နှုတ်မယ်ဖြစ်လို့ ကျေးဇူးတင်တယ် အဖေအိမ်ကို ပို့ဆောင်မယ်ဖြစ်လို့ ကျေးဇူးတင်တယ်၊ သူ့ကိုအိမ်ပြန်ရောက်အောင် ပို့ပေးမှာမို့ ကျေးဇူးတင်တယ်၊ လို့ဝန်ခံဆုတောင်းနေပေမယ့် သူ့အစ်ကိုတွေ သူ့ကိုတွင်းထဲက ဆွဲထုတ်လိုက်ချိန်မှာ အိမ်ပြန်ပို့ဖို့လို့ သူထင်ပေမယ့် တွင်းထဲကနေဆွဲထုတ်လိုက်တာက ကျွန်အဖြစ်ရောင်းစားခံထိဖို့ဖြစ်နေခဲ့တယ်။
သူ့ဘဝတစ်ခုလုံးသွားပြီ ၊ ရောင်းစားခံလိုက်ရပြီ၊ ကျွန်ဘဝကနေသူ့ကို သူများ မိန်းမကလုပ်ကြံလို့ ထောင်ချခံရပြန်တယ်။ သူအကြီးအကျယ် ဆုတောင်းနေခဲ့တာနော်၊ ဒါပေမယ့် သူနားမလည်နိုင်တာ သူမကြုံချင်တာ သူမဖြစ်ချင်တာတွေ သူကြုံနေရတယ် ဖြစ်နေရတယ်။ တစ်သက်လုံး ဆုတောင်းချက်တွေ အဖြေရခဲ့ပေမယ့် သင့်ကို ဘုရားပြင်ဆင်ထားတဲ့ သင်တစ်ခါမှ အိမ်မက်တောင်မမက်ဖူးတဲ့ Level ကို သင့်ကိုဘုရားပို့တော့မယ်ဆိုရင် သင့်အလို ဘုရားမလိုက်တော့ဘူး၊ သူ့အလိုပြည့်စုံဖို့ သင့်အလိုဘုရားမလိုက်တော့ဘူး။
ဒါကြောင့် သင်ဆုတောင်းလို့ အဖြေမရတဲ့အပြင် သင်မဖြစ်ချင်တဲ့အရာကို သင့်ဘဝမှာ ဖြစ်လာခဲ့ရပြီဆိုရင် သင်ကျေးဇူးတော်ချီးမွမ်းပါ။ သူ့ရဲ့အလိုပြည့်စုံဖို့ သင့်အလိုကိုမလိုက်တော့ဘူး၊ တစ်ခါတစ်လေ သင်တွေးနိုင်တယ်။ ဆုတောင်းတာ ဘာဖြစ်လို့ မပေးတော့တာလဲ? No no no .. သင့်အလိုကို သူမလိုက်တော့တာဖြစ်တယ်၊ သင့်အလိုမလိုက်တာ ဘာကြောင့်လဲ? သူ့အလိုက သင့်အလိုနဲ့ကွာတယ်၊ သင့်ရဲ့အကြံအစည်က ဘုရားရဲ့အကြံအစည်နဲ့ တစ်ခြားစီပဲ၊ ကောင်းကင်နှင့်မြေကြီး ကွာဝေးသကဲ့သို့ ကွာဝေးတယ်။
တပည့်တော်တွေထဲမှာ ယုဒရှကာရုတ်ကို ဆုံးရှုံးသွားလို့ သူ့နေရာမှာ အစားထိုးဖို့ မဲနှိုက်ရွေးတော့ မဿိကိုရွေးကြတယ်၊ မဲနှိုက်ရွေးတာဆိုတော့ လူ့အနေနဲ့ ရွေးကြတာက မဿိ ဖြစ်တယ်။ ဘုရားသခင် တကယ်အသုံးပြုသွားတာက တမန်တော်တွေထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ပေါလု မဟုတ်ဘူးလား? လူရွေးကောက်တာ မဿိ၊ ဘုရားသခင် တကယ် ရွေးကောက်တာက ပေါလု။ ဘုရားသခင်က ပေါလုကို တအားအသုံးပြုခဲ့တယ်။
ဘုရားသခင်က သူ့ကို တအားအသုံးပြုခဲ့ပေမယ့် သူ့အထဲမှာ ဆူးလေးတစ်ဆူးဖြစ်လာတေ့ာ မခံနိုင်လို့ သူကဘုရားထံမှာ သုံးကြိမ်တိုင်တိုင် ဆုတောင်းတယ်။ ဒါပေမယ့် ဘုရားက မဖယ်ထုတ်ပေးခဲ့ဘူး၊ ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏ လို့ပဲပြောခဲ့တယ်။
ပေါလုတောင်းတဲ့ဆုကို ဘုရားသခင်မပေးခဲ့ဘူး၊ Another Level တင်ချင်တဲ့အတွက်ကြောင့်ဖြစ်တယ်။ သူကကြီးသောအမှုတွေဆက်ပြီးပြုဖို့ အတွက် သူတောင်းတဲ့ဆုကို ဘုရားသခင်က ဆက်ပြီးမပေးတော့ဘူး။
နောက်တစ်ယောက်ကတော့ ယေရှုခရစ်တော် ကိုယ်တော်တိုင် ဖြစ်တယ်။ သေသောသူကို ရှင်စေတယ်၊ မျက်စိကန်းသူကို မြင်စေတယ်၊ နားပင်းသောသူကို ကြားစေတယ်။ နမိတ်လက္ခဏာတွေ အကြီးအကျယ်ဖြစ်နေတယ်။ ရေကနေ စပျစ်ရည်ဖြစ်စေတယ်၊ မုန့်ငါးလုံးနဲ့ငါးနှစ်ကောင် ကို လူပေါင်းမြောက်များစွာကို ကျွေးနိုင်တယ်။ ရေပေါ်မှာလမ်းလျှောက်တယ်၊ မုန်တိုင်းကို အမိန့်ပေးပြီးငြိမ်းစေနိုင်တယ်၊ ဘယ်လောက်ကြီးမားတဲ့ အမှုတွေပြုနိုင်တဲ့ ယေရှုခရစ်တော်လဲ? ဒါပေမယ့်လက်ဝါးကပ်တိုင်ပေါ်တက်ရေတော့မယ့် အချိန်ကျတော့ သူမတက်ချင်ခဲ့ဘူး။
ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။ ရှင်မဿဲ 26:39
အဖခမည်းတော်ထံမှာ သူဆုတောင်းပါတယ်။ ဒါပေမယ့် သူဝန်ခံခဲ့တယ်။ သူဝန်ခံလိုက်တဲ့အခါမှာ လက်ဝါးကားတိုင်ပေါ် သူမတက်ရဘူးလား? သူတက်ခဲ့ရပါတယ်။ သူဆုတောင်းတာကဘာလဲ? ဒီခွက်ကိုသူမလိုချင်ခဲ့ပါဘူး ဒါပေမယ့် အဖခမည်းတော်ရဲ့ အလိုတော်ကို ကောင်းကောင်းသိနေတဲ့ ယေရှုက ကျွန်တော့်အလို မဖြစ်စေပဲ ကိုယ်တော့် အလိုတော်အတိုင်းပဲ ဖြစ်ပါစေလို့ ဝန်ခံခဲ့တယ်။
အဖေ့အလိုကို ယေရှုသိတယ်၊ ဒါကြောင့် လုပ်ဖို့ ဝန်ခံခဲ့တယ်။ Cross ပြီးရင် Crown လာမယ်။Transectionဆိုတဲ့ ဆုတောင်းလို့ မရတော့တဲ့ အပြောင်းအလဲအချိန် တစ်ချိန်ရှိတယ်။ အဲ့လိုအချိန်မှာ သင်ဆုတောင်းလို့ မရတော့ရင် မပျာသွားပါနဲ့။ ဘုရားသခင်က အသစ်သောနေရာကို ဆွဲတင်တော့မယ်ဆိုရင် သင့်အလိုမလိုက်တော့ဘူး။
ဘုရားသခင်က သင့်အပေါ်မှာထားတဲ့ ကြီးသောအမှုတွေ ပြုဖို့အတွက်ဆိုတာကို သင်မသိဘူး။ သင်သိတာက သင့်အလိုပြည့်စုံဖို့ပဲ၊ တစ်ခါတစ်လေ ဝန််ခံနေရင်းနဲ့ မရတော့ရင် သင့်အလိုကို သင်ရပ်လိုက်ပါ။ ဘုရားအလိုဘာလဲ ဆိုတာ သင်ရှာရတော့မှာဖြစ်တယ်။ သင်သံသယမရှိပါနဲ့။ သင်တောင်းတာထက် သာ၍ကြီးသောအရာ သင်အိမ်မက်တောင် မမက်ထားတဲ့အရာ သင့်ဆီ ရောက်လာတော့မယ်။ သင်မကြုံဖူးတဲ့အရာ သင်မခံစားဖူးတဲ့ကောင်းကြီး သင့်ဆီကို ရောက်လာတော့မယ်ဆိုတာ သိပြီး ဆက်ချီးမွမ်းခြင်းပါ။ သင်တစ်ခါမှ မရောက်ဖူးတဲ့ နေရာကို ဘုရားသင့်ကိုပေးတော့မယ်ဆိုတာ ရင်ခုန်ပါ။
ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောင့်ရှက်တတ်သောဒုစရိုက်ကို၎င်း ပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။ ဟေဗြဲ 12:1
သင်တောင်းတာထက် သာ၍ကောင်းသောအသက်တာကို ဘုရားသခင်ကကပြင်ဆင်ထားပေးပြီ။ ဘုရားသခင်ရဲ့ နိယာမကို နားလည်သဘောပေါက်ပြီး သွားတဲ့အသက်တာများဖြစ်ကြပါစေ။