Daily Bread

Jun 11, 2024    Pastor David Lah

“မကွာစေသည်သာမက၊ ငါတို့ကို ချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှု ခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏။”(ရောမ 8:37)

ဘုရားသခင် သင့်ကို သိပ်ချစ်တယ်ဆိုတာ သင်စိတ်ချပါ။ ကြုံတွေ့ရတဲ့အခက်အခဲ ပြဿနာတိုင်းက ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဘုရားသခင်သင့်ကို ချစ်တယ်ဆိုတာ သင်မခံစားရမချင်း သင်ဘယ်တော့မှ ဘုရားရှင်ကို မချစ်နိုင်ဘူး။ အခက်အခဲပြဿနာထဲမှာ သင်နဲ့အတူရှိရုံတင်မကပဲ သင့်ကိုဝမ်းမြောက်စေမယ်။ သင့်ကို ခွန်အားတွေနဲ့ ပတ်စည်းထားတယ်။ သင့်ကိုချစ်တဲ့ ဘုရားရဲ့မေတ္တာက ကြောက်ခြင်းသံဝေဂကို ပယ်ရှားစေမယ်။ အခြေအနေတွေကြောင့် သင်ဘုရားရဲ့မေတ္တာကို သံသယမဝင်မိပါစေနဲ့။ သင်မခံနိုင်တဲ့အရာကို ဘုရားကမပေးပါဘူး။

ဘယ်အခြေအနေကမှ သင့်ကိုဆွဲချလို့မရဘူး၊ မုန်တိုင်းတွေနဲ့ကြုံခဲ့ရင်လည်း မုန်တိုင်းအထက်မှာ သင့်ကို ကျော်ဖြတ်စေမယ့် ဘုရားဖြစ်တယ်။ ခဲယဥ်းဆိုးယုတ်တဲ့ကာလမှာ တစ်ဦးနှင့်တစ်ဦးအပြစ်တင်မနေပဲ ဘုရားသခင်ပေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဆွဲခေါ်တတ်သူများဖြစ်ကြပါစေ။