Daily Bread
“သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော် မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက် ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။ အဗ္ဗအဘဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။ ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေ ခံတော်မူ၏။” (ရောမ ၈ : ၁၃-၁၆)
အခြေအနေကိုကြည့်တတ်နေသရွေ့ ဘုရားပြင်ထားပေးတဲ့အရာတွေကိုသင်မြင်တတ်အုံးမှာမဟုတ်ဘူး။ သင့်ရဲ့မျက်လုံးတွေ မြင်ခြင်းမှာ ဝိညာဥ်မျက်စိပွင့်လာရင် သင်မလုပ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေ အားလုံး သင်လုပ်နိုင်လာလိမ့်မယ်။ သင့်ကိုယ်သင်မထိုက်တန်ဘူးလို့ သင်ထင်ထားခြင်းက သင့်ကိုဆွဲချသွားမယ့် အရာဖြစ်တယ်။ ခပ်သိမ်းသောအရာက ကိုယ့်တော်အဖို့ဖြစ်တယ်လို့ သင်တကယ် ခံယူထားရင် ခပ်သိမ်းသောအရာက သင့်အဖို့ဖြစ်လာလိမ့်မယ်။မိမိဖြစ်ခြင်းကို နားလည်သဘောပေါက်ပြီး ဝိညာဥ်မျက်စိဖြင့် မြင်တတ်သောသူများဖြစ်ကြပါစေ။