Daily Bread
“အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။”(ရောမ 4:5)
လူကအကျင့်ကိုကြည့်ပေမယ့် ဘုရားကယုံကြည်ခြင်းကိုကြည့်တယ်။ ယေရှုခရစ်တေ်က သင့်ရဲ့အပြစ်တွေ အားလုံးအတွက် သူခံပေးသွားပြီဆိုတာ သင်ယုံကြည်ရင်၊ ယေရှုခရစ်တော်အားဖြင့် သင်က ဖြောင့်မတ်သောသူဖြစ်တယ်လို့ သင်သဘောပေါက်ရင် သင့်ကို စာတန် တင်ထားတဲ့အရာတွေ ၊ မင်းမကောင်းဘူးလို့ ပြောနေတဲ့အရာတွေကို သင်လက်ခံစရာ အကြောင်းမရှိဘူး။ ယေရှုက အမှုပြီးပြီလို့ ပြောခဲ့ပြီဖြစ်တယ်။ ဒီနေ့ဝမ်းနည်းပြီး ငုံ့နေခဲ့တဲ့ ဦးခေါင်းတွေ ပြန်မော့လိုက်ပါတော့။
နေ့ရက်အစဥ်တိုင်းမှာ ယေရှုခရစ်တော်အားဖြင့် ထိုက်တန်သောသူ ဖြောင့်မတ်သောသူ သင်ဖြစ်သွားခဲ့ပြီ။ အတိတ်မှာ သင်က ပုံသက်သေကောင်းတစ်ခုမှ မရှိခဲ့ပေမယ့် ကိုယ်တော့်အားဖြင့် လွတ်မြောက်ခြင်းအခွင့် ရရှိခဲ့ပြီ ဖြောင့်မတ်သောသူ ဖြစ်ခဲ့ပြီ ဖြစ်လို့ သင့်ရဲ့လွတ်မြောက်သော အသက်တာအတွက် ဘုရားရဲ့ ကျေးဇူးတော်ကို ချီးမွမ်းအသက်ရှင်တတ်ပါစေ။