Daily Bread

Jun 7, 2024    Pastor David Lah

“ယေရှုသည် တပည့်တော်တို့နှင့် ခရီးသွားကြစဉ် ရွာတရွာသို့ဝင်သော်၊ မာသအမည်ရှိသော မိန်းမတဦး သည် မိမိအိမ်၌ ကိုယ်တော်ကိုဧည့်ခံလေ၏။ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်လျက်နေ၏။ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်လျက်နေ၏။ ယေရှုက၊ မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍နှောင့်ရှက်ခြင်းကို ခံရ၏။ လိုသော အရာတခုတည်းရှိ၏။ မာရိမူကား၊ ကောင်းသောအဘို့ကို ရွေးယူပြီ။ ထိုအဘို့ကို အဘယ်သူမျှ မနှုတ်မယူရာဟု မိန့်တော်မူ ၏။”( ရှင်လုကာ 10:38-42)


ကျွန်တော်တို့အသက်တာမှာလည်း မာသကဲ့သို့ ယေရှုကို အသက်တာမှာ မိမိရဲ့ကယ်တင်ရှင်သခင် အဖြစ်ခေါ်ဖိတ်လက်ခံခဲ့ပြီးတဲ့ နောက်မှာ ကျွန်တော်တို့တွေ သူနဲ့မိဿဟာယဖွဲ့မှူ ရှိကြရဲ့လား? မာသလိုမျိူး အလုပ်တွေရှုပ်နေလား? မာရိက ယေရှုအနားမှာပဲ နေပြီး သူမက ယေရှုကိုပဲစိတ်ဝင်စားတယ်။ ယေရှုခရစ်တော်က လူသားအားလုံးအတွက် အသေခံပြီး လူသားတွေရဲ့ အပြစ်ကြွေးအားလုံးကို ဆပ်ပေးမယ့်သူဖြစ်တဲ့ ကယ်တင်ရှင် မေရှိယဖြစ်တယ် ဆိုတာ သူသိခဲ့ပြီး သူလုပ်ရမယ့်အရာကို သူသိသွားခဲ့တယ်။ 

မာသလိုမျိူးအသက်တာထဲမှာ ခရစ်တော်ကို နေရာပေးထားပေမယ့် မာရိလိုမျိူး ခြေရင်းမှာ ထိုင်ပြီးတော့မှ ကိုယ်တော်ဘာပြောနေလဲဆိုတာ သိအောင် နှုတ်ကပတ်တော်ကို အချိန်မပေးဘူးဆိုရင် သင့်ကို ဘုရားထား ထားတဲ့ ရည်ရွယ်ချက် ပန်းတိုင်ကို ဘယ်တော့မှ သိမှာ မဟုတ်တော့ဘူး။ ခေါ်ဖိတ်သူက မာသ ဖြစ်ပြီး ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းကြီး သိရှိသွားခဲ့သူကတော့ မာရိဖြစ်တယ်။ မာသ ဘာမှမသိလိုက်ဘူး။ မာသက ဘာတွေနဲ့ အလုပ်ရှုပ်နေခဲ့သလဲ? 

အသက်တာမှာ ကိုယ်က ဘုရားအတွက် အကောင်းဆုံးလုပ်ဆောင်နေတာထက် ဘုရားသခင် သင့်အပေါ်မှာ ထားတဲ့အကြံအစည် ရည်ရွယ်ချက်ကို နားလည်ဖို့အရေးကြီးတယ်။ ဘုရားက သင့်ကို ဖွင့်ပြခြင်းတွေ ပေးချင်ပေမယ့် သင်က ဘုရားသခင်ကို ကိုးကွယ်ဖို့ အချိန်မရှိဘူးဆိုရင် ဘုရားသခင်နဲ့ သီးသန့် မိဿဟာယဖွဲ့ဖို့ အချိန်မရှိဘူးဆိုရင် နှုတ်ကပတ်တော်ကို ဆင်ခြင်ရမယ့် အချိန်မရှိဘူးဆိုရင် ဘုရားသခင်သင့်အပေ်ထားတဲ့ အကြံအစည်ကို သင်လုံးဝမသိနိုင်ဘူး။ 


ဘုရားသခင်နဲ့ အချိန်ယူမိဿဟာယဖွဲ့ခြင်းဖြင့် မိမိအတွက် ဘုရားသခင်ပြင်ဆင်ထားတဲ့ ဘုရားအကြံအစည်များကို နားလည် မြင်တတ်သောသူများဖြစ်ပါစေ။