Daily Bread
“မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့် တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။”(ရောမ 8:32)
လူကိုအားမကိုးပဲ ကိုးစားစရာ ဘုရားရှိတယ်ဆိုတာ သင်စွဲလမ်းနေဖို့ လိုအပ်တယ်။ တစ်ပါးတည်းသော သားတော်ကိုပါ ကျွန်တော်တို့အတွက် စွန့်ပေးခဲ့တဲ့ ဘုရားဖြစ်တယ်။ သင့်ကို စာတန်မလှည့်စားပါစေနဲ့။ ကယ်တင်ခြင်း ရပြီ ဆိုတာလောက်နဲ့ ကျေနပ်နေတာမျိူး မလုပ်ကြပါနဲ့။ ကျမ်းစာအုပ်ကို ကိုင်ပြီး ဒီလောကက ငါတို့နဲ့လုံးဝမဆိုင်ဘူးဆိုပြီး သူများတွေ အထင်ကြီးအောင် လှည့်စားတဲ့ အတွေးအခေါ်မျိူး ဝင်မသွားပါစေနဲ့။ အလိုတော်က ကောင်းကင်ဘုံမှာ ပြည့်စုံသလို မြေကြီးပေါ်မှာ ပြည့်စုံဖို့ ဘုရားသခင်က အလိုတော် ရှိထားပြီးသား ဖြစ်တယ်။ လောကမှာသင်အသက်ရှင်နေတာက ခရစ်တော်ရဲ့ကိုယ်စား အသက်ရှင်နေရခြင်းဖြစ်တဲ့ အတွက် သင့်ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်ကို မြင်တွေ့သွားစေဖို့ ဘုရားသားသမီးတွေရဲ့ အသက်တာအားဖြင့် ဘုရားဘုန်းတော် ထင်ရှားစေဖို့ အတွက်ပဲ ဖြစ်ပါစေ။