Daily Bread

Jun 9, 2024    Pastor David Lah

“ဗေရိမြို့သားတို့သည် သက်သာ လောနိတ်မြို့ သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည်မမှန်သည်ကို သိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။”

(တမန်တော် 17:11)

ကျွန်တော်တို့အသက်တာမှာ ဆရာတွေရဲ့ ဆုံးမသြဝါဒ ပေးမှူတွေ တရားဟောချက်တွေကို ခံယူတဲ့အခါမှာ ဗေရိမြို့သားတွေလို ကြည်ညိုတဲ့ စေတနာစိတ်နဲ့ခံယူပါ။ နားထောင်ရုံနဲ့ ပြီးသွားတာမဟုတ်ပဲ ကျမ်းစာနဲ့ သေသေချာချာ ပြန်လည် ဆန်းစစ်ပါ။ ဝိညာဥ်တော်ရဲ့ မစမှူနဲ့ ဘယ်သူက ဘယ်လိုတရားဟောနေခဲ့လဲဆိုတာ သင်ပိုင်းခြားနားလည် လာမှာဖြစ်တယ်။ ကျမ်းစာကို နေ့ရက်အစဥ်အတိုင်း စေ့စေ့ဖတ်ရှုခြင်းအားဖြင့် သင့်ကို သမ္မာတရားက သွန်သင်လမ်းပြ သွားပါလိမ့်မယ်။