Daily Bread
Jun 5, 2024 • Pastor David Lah
"ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။" (၁ကော 15:57)
မင်္ဂလာစကားနှူတ်ကထွက်မလာခင်မှာ စဥ်းစားခြင်းက အရင်လာတာဖြစ်လို့ သင်စဥ်းစားတာ မမှားပါစေနဲ့။ သင်၏နှူတ်ကိုလည်းကောင်း လျှာကို လည်းကောင်း ကောင်းကြီးပေးမည်လို့ ပြောထားတဲ့ဘုရားက သင့်ရဲ့နှူတ်ကထွက်လာတဲ့ စကားကို အတည်ပြုပေးတာဖြစ်တယ်။ သင့်ရဲ့နှူတ်ကထွက်လာတဲ့ သင့်ရဲ့ဝန်ခံခြင်းတွေကို သင်သတိပြုပါ။ လောကကြီးရဲ့ စိတ်ဓါတ်ကျအောင်လုပ်စေတဲ့ အရာအားလုံးကို ဘုရားသားဖြစ်ခွင့်ရသူသင်က အောင်နိုင်တာဖြစ်တယ်။