Daily Bread

Jun 4, 2024    Pastor David Lah

"သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။"

(သုတ္တံ 22: 3-4)


ဘုရားက သင့်ကို ဆုကျေးဇူးတွေပေးထားတယ်။ဒါကိုသင်ကသိပြီးရင် ပြု စုဖို့အတွက်က နှိမ့်ချခြင်းထဲသင့်ကို ထားမှာဖြစ်တယ်။ နှိမ့်ချခြင်းရှိနိုင်မှ ဘုရားကသင့်ကိုချီးမြှောက်နိုင်မယ်။ သင်နှလုံးသားမှန်သွားတဲ့နေ့က ဘုရားသင့်ကို ဘိသိက်နဲ့စတင်အသုံးပြုလို့ရပြီဖြစ်တယ်။ သူတစ်ပါးရဲ့အပြစ်ကိုကြည့်ရင် မှန်ဘီလူးနဲ့မကြည့်ပါနဲ့။ အဝေးကြည့်မှန်ပြောင်းနဲ့ကြည့်ပါ။ သမွာသတိရှိပြီး နှိမ့်ချတတ်တဲ့အသက်တာဖြစ်လာရင် သူတစ်ပါးကို မြင်တဲ့အမြင် မတူတော့ဘူး။ မိမိအသက်တာကို အခြားသူက ဆင်ခြင်ခွန်အားယူစရာအကြောင်းသာ ဖြစ်ပါစေ။